Skip to main content

Burma Academy သည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး အနာဂတ် ဖက်ဒရယ် ပညာရေးကို ဖော်ဆောင်လိုသော ကျောင်းသားများအတွက် ပညာရေးပလက်ဖောင်းဖြစ်ပါသည်။ ထို့ပြင် CDM ဆရာ၊ဆရာမများ ထောက်ပံ့နိုင်ရေးကိုလည်း ရည်ရွယ်သည်။

ပြည်တွင်းတက္ကသိုလ်များမှ တိုက်ရိုက် ပညာသင်ကြားရင်း CDM Network အားထောက်ပံ့ပါ

လူတိုင်းအကျုံးဝင် ပညာရေးရပ်ဝန်းတစ်ခု

Burma Academy သည် ပြည်တွင်း တက္ကသိုလ်များနှင့် စာသင်သား လူငယ်များကြား ပညာရပ်များပေါင်းကူးပေးနိုင်ရန် ရည်ရွယ်သည်။ ထို့ပြင် အခမဲ့ပညာရေးမူဝါဒနှင့် ဖက်ဒရယ်ပညာရေးအပေါ် အခြေခံသည်။

Burma Academy သည် Ministry of Education (NUG) ၏ Endorsement ကိုလည်း ရရှိပြီးဖြစ်ပါသည်။

အခမဲ့ပညာရေး

Burma Academy တွင် ပညာသင်ယူမှုနှင့် ပတ်သက်ပြီး မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိပေ။

Certificate ထုတ်ယူခြင်း

ပြည်တွင်း တက္ကသိုလ်များမှ ချီးမြှင့်မည့် Certificate များအား ထုတ်ယူနိုင်သည်။ အချို့သော Certificate များကိုမူ လှူဒါန်းငွေပေးသွင်းပြီး CDM Network ကို ထောက်ပံ့ပါ။

ဖက်ဒရယ်ပညာရေး

အချို့သော သင်ခန်းစာများကို တိုင်းရင်းသားဘာသာများဖြင့်လည်း သင်ယူနိုင်မည်။

တော်လှန်ရေးအကျိုးပြု ခေါင်းစဉ်များ

တော်လှန်ရေးကာလတွင် အကျိုးပြုနိုင်မည့် နိုင်ငံရေးအတွေးအခေါ်ဆိုင်ရာ သင်ခန်းစာများနှင့် လက်တွေ့အသုံးချပညာရပ်များအား အဓိကသင်ကြားသွားမည်။

သင်ယူနိုင်မည့် ပုံစံ

Self-Paced ပုံစံ၊ Hybrid ပုံစံနှင့် Live ပုံစံ စသည့် ၃ မျိုးလုံးဖြင့် သင်ယူနိုင်မည်။

Offline ပညာရေး

အင်တာနက် ခက်ခဲသော ဒေသများရှိ ကျောင်းသားများအတွက်လည်း သင်ခန်းစာများ ဖြန့်ဝေနိုင်ရန် စီစဉ်သွားမည်။

Our Courses

These are the next scheduled courses being run.

လူတိုင်းသိစရာစိတ်ကျန်းမာ TPP01

လူတိုင်းသိစရာစိတ်ကျန်းမာ

Burma Academy နဲ့ တိုင်ပင်ဖော်တို့ လက်တွဲပူးပေါင်းပြီး ပြည်သူလူထုအကြား စိတ်ကျန်းမာရေးနှင့်ပက်သက်တဲ့ ဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေဖို့ရည်ရွယ်ပြီးတော့ “Basic Mental Health Awareness Raising Program - လူတိုင်းသိစရာ စိတ်ကျန်းမာ” ဆိုတဲ့ သင်ခန်းစာလေးကို ပို့ချသင်ကြားခြင်းဖြစ်ပါတယ်။

"မျောက်ကျောက်ရောဂါ - Monkeypox” အကြောင်းသိကောင်းစရာ MS004

"မျောက်ကျောက်ရောဂါ - Monkeypox” အကြောင်းသိကောင်းစရာ

ဆေးတက္ကသိုလ် မန္တလေး ယာယီတက္ကသိုလ်ကောင်စီမှ ပို့ချသော course တခုဖြစ်သည်။ သင်ခန်းစာမှာဆိုရင် - - မျောက်ကျောက်ရောဂါ ပြန်လည်ဖြစ်ပွားလာတာနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ သတိထားသင့်ကြောင်း - ပြည်သူလူထုအနေနဲ့ သိထားသင့်တဲ့ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ - မျောက်ကျောက်ရောဂါမဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်နိုင်မယ့်နည်းလမ်းတွေ - ယခုပြန့်ပွားနေတဲ့ မျောက်ကျောက်ရောဂါ နဲ့ အရင်က သိထားတဲ့ ကျောက်ရောဂါ ဘယ်လိုတွေ ကွာခြားလဲ ဆိုတာတွေကို သုံးသပ်ပြောကြားပေးထားပါတယ်။

အခြေခံသတင်းစာပညာနှင့် မီဒီယာကိုနားလည်ခြင်း OAI01

အခြေခံသတင်းစာပညာနှင့် မီဒီယာကိုနားလည်ခြင်း

ယခုလိုကာလမှာ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီဟာ တိုင်းပြည်ရဲ့ မျက်စိနဲ့နားတွေဖြစ်ပေးဖို့လိုပါတယ်။ နည်းစနစ်ကျပြီး သတင်းပေးပို့သူ၊ သတင်းထောက်တွေ ဖြစ်နိုင်ဖို့အတွက် ဥဩစာသင်ကျောင်းမှ Citizen Journalism and Media Literacy Course (အခြေခံသတင်းစာပညာနှင့် မီဒီယာကိုနားလည်ခြင်း) ကို မိတ်ဆက်လိုက်ရပါသည်။

အဓိက ရည်ရွယ်ချက် (၄) ရပ်

Our Mission & Objectives

- ကျောင်းသားများ ကိုယ်တိုင်ဖန်တီးသည့် ကြားကာလပညာရေး (Alternative Education) ကို ဖော်ဆောင်ရန်

− နိုင်ငံရေးအတွေးအခေါ်နှင့် လက်တွေ့အသုံးချနိုင်သည့် ပညာရပ်များကို သင်ကြားပေးခြင်းအားဖြင့် တော်လှန်ရေးကိုအထောက်အပံ့ပြုရန်

- စစ်အာဏာရှင်ပညာရေး စနစ်ဟောင်းကိုဖြိုဖျက်၍ ဒီမိုကရေစီပညာရေးစနစ်အသစ်တစ်ခု ဖော်ဆောင်ရန်

− လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) ကို တည်ဆောက်ရန်

Our Organizations

Burma Academy သည် စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တွန်းလှန်၍ ဖက်ဒရယ်ပညာရေးစနစ် အကောင်အထည်ပေါ်လာစေရန် အရွေ့တစ်ခုအဖြစ် အားဖြည့်ပေးသော Educational Platform တစ်ခုဖြစ်ပါသည်။

Burma Academy တွင် ကျောင်းသားလူငယ်များအတွက် Organizations / Institutes အသီးသီးမှ လာရောက်သင်ကြားပေးသော Quality စံနှုန်းများဖြင့် ပြည့်မှီသည့် online course များစွာကို လေ့လာရွေးချယ် တက်ရောက်နိုင်ပါသည်။

University of Medicine
Yadanabon University
University of Medicine 1 Students' Union
Oak Awe Institute
Spring University

Burma Academy ကို

  • University of Medicine, Mandalay
  • Yadanabon University, Mandalay
  • University of Medicine 1 Students' Union
  • Oak Awe Institute
  • Spring University Myanmar
  • စသည်တို့ဖြင့် ဖွဲစည်းခဲ့ကြပြီး အောက်ပါ အဖွဲ့အစည်းများမှ လာရောက်သင်ကြားပေးရန် သဘောတူခဲ့ကြပါသည်။

    Burma Academy သည် ပြည်တွင်း တက္ကသိုလ်များ၊ တော်လှန်ရေးအဖွဲအစည်းများဖြင့်လည်း အစဉ် ချိတ်ဆက်ဆောင်ရွက်နေပြီး လွတ်လပ်မျှတသော ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်ရာတွင် လိုအပ်သည့် ကဏ္ဍများမှ အမြဲတစေ ပါဝင်အားဖြည့်သွားမည်ဖြစ်ပါသည်။