Skip to main content

INTRODUCTION TO WESTERN PHILOSOPHY I


BA

About This Course

ဒဿနပညာလေ့လာမှုသည် လူသားတို့နေ့စဉ်ဘဝကြုံတွေ့ရသော ကိစ္စအဝဝတို့၌ ကြောင်းကျိုး နည်းကျကျ၊ ခွဲခြမ်းစိတ်ဖြာဆင်ခြင်၍ စိစစ်သုံးသပ်ဆုံးဖြတ်ပြုနိုင်ရန် ထောက်ကူမှုပေးသည်။ ဒဿနနယ်ပယ်တွင် ဒဿနပညာရှင်တို့က သဘာဝလောက၊ လူမှုဘဝတို့နှင့်ဆက်စပ်သည့် အခြေခံကျ၍ အရေးပါသော မေးခွန်းများကို ဆင်ခြင်တုံနည်းကျကျ အဖြေရှာဖော်ထုတ်ဖို့ ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသည်။ လူ့ယဉ်ကျေးမှုအာရုံဦးကာလမှစတည်ခဲ့သော အခြေခံအကျဆုံးမေးခွန်းသုံးရပ်ကို ဆင်ခြင်တုံတရားအခြေပြု၍ အဖြေရှာရန် ကြိုးပမ်းသည်။ ယင်းမေးခွန်းများမှာ (၁) စကြာဝဠာကြီးက ဘာနဲ့တည်ဆောက်ထားတာလဲ။ What is the universe made of?) (၂) ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ။ What is the meaning of life?) (၃) တို့တစ်တွေဘယ်လိုနေထိုင်သင့်သလဲ။ How should we live? ဟူသည့် မေးခွန်းများဖြစ်သည်။ လူ့သမိုင်းတစ်လျှောက် ထိုမေးခွန်းများအပေါ်၌ အဖြေရှာရန်ကြိုးပမ်းရာတွင် သဘာဝလွန်ယုံကြည်မှုများကို လွန်ဆန်၍ လူ၏ဆင်ခြင်တုံတရားကိုအခြေပြုကာ အဖြေရှာရန်ကြိုးပမ်းမှုကို ရှေးဂရိတွေးခေါ်ရှင်တို့၏ အားထုတ်မှုတွင်စတင်တွေ့ရှိရသည်။ ၎င်းတို့၏အားထုတ်မှုသည် ယနေ့ခေတ် သိပ္ပံပညာရပ်နှင့် လူမှုရေးပညာရပ်များ ပေါ်ထွန်းလာရန်အတွက် အုတ်မြစ်ဖြစ်ခဲ့သည်။ လူ့အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အခြေခံကောင်းများကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။ လူ့ဖြစ်မှုပြည့်ဝခြင်းအတွက် စတင်မှတ်အနေဖြင့်လည်း မှတ်ယူနိုင်သည်။ လူ့အသိဉာဏ်ပညာဖွံ့ဖြိုးမှုကို ထောက်ကူပေးရာ အနောက်တိုင်းဒဿနရှင်တို့၏ တွေးခေါ်ပုံ၊ မြင်သိပုံများကို စနစ်တကျသိနိုင်စေရန် အတွက် Burma Academy မှ Introduction to Western Philosophy သင်တန်းကို ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

Learning Objectives


ဒဿနိကဗေဒ၏ အခြေခံအယူအဆ သဘောတရားများကို သိရှိနားလည်စေရန်၊
အနောက်တိုင်းဒဿနပညာရှင်များ၏ မတူကွဲပြားသော ဒဿနအမြင်များကို လေ့လာနိုင်စေရန်၊
အနောက်တိုင်းယဉ်ကျေးမှုတွင် အသိဉာဏ်ပညာဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်များကိုလွှမ်းခြုံသိရှိစေရန်၊

Expected Course Outcomes


ဤသင်တန်းကို သင်ယူပြီးစီးသည့်အခါ သင်တန်းသား/သူများအနေနှင့်
သာမာန်ခံယူယုံကြည်ချက်များနှင့် ဒဿနတွေးကြံခြင်းတို့အကြားကွဲပြားစွာခွဲခြားနိုင်ခြင်း၊
ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့် ဆက်စပ်မြင်သိတတ်ခြင်း၊
ဝေဖန်ပိုင်းခြားစိစစ်တတ်ခြင်း စသည့်အရည်အသွေးများ တိုးပွားလာစေရန် ရည်မျှော်၍ ဤသင်တန်းကို ဖွင့်လှစ်ပါသည်။
OAI
Enroll