Transitional Justice
BurmaAcademy

About This Course
အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု (Transitional Justice) ဆိုတာဘာလဲ။ လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အခြေခံသဘောတရားအရ မှန်ကန်သည်ဟု ယူဆစွဲကိုင်ထားတဲ့ ကျင့်ဝတ်၊ ဆင်ခြင်တုံတရား၊ ဥပဒေ၊ ဘာသာရေး၊ တန်းတူညီမျှရေး စသည့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားများက ၎င်းအပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိနေသလဲ။ ဤလုပ်ငန်းစဉ်တွင် မကြာခဏဆိုသလို ကြားသိကြုံတွေ့ကြရမည့် အမှန်တရား (Truth) ပေါ်ပေါက်ရေး၊ တရားမျှတမှု (Justice) ဖော်ဆောင်ရေး၊ ဂုဏ်သိက္ခာ (Dignity) ရရှိရေးနှင့် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခြင်း (Impunity) စတဲ့ ဝေါဟာရတွေရဲ့ အခန်းကဏ္ဍနှင့် ဘာကြောင့် ဒီလုပ်ငန်းတွေက အရေးပါနေသလဲ ဆိုတာကို သိရှိနားလည်လေ့လာနိုင်စေရန် ဤသင်ခန်းစာကို တင်ဆက်လိုက်ရပါသည်။
- အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု၏ ဖွင့်ဆိုချက်၊ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းခြင်းတွင် အရေးပါမှု၊ တော်လှန်ရေး ဆောင်ရွက်ချက်များနှင့် ဆက်စပ်ဆီလျော်မှုတို့ကို နားလည်နိုင်ရန်
-အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံများနှင့် သမိုင်းကြောင်းတို့ကို လေ့လာနိုင်ရန်
-အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည့် တာဝန်ရှိ အဖွဲ့အစည်း(များ)နှင့် ၎င်းတို့၏ အခန်းကဏ္ဍကို အကြမ်းဖျဉ်း သိရှိနိုင်ရန်