Skip to main content

Federalism Fundamentals: Exploring the Principles and Practices


Strengthening Federalism and Inclusive Governance

About This Course

မ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်များအနက် ဖက်ဒရယ်စနစ်ဟာ တော်လှန်ရေးကာလမှာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိလာပါတယ်။တဆက်တည်းမှာပဲဖက်ဒရယ်စနစ်ကို ဦးတည်ချီတက်နေတဲ့ လူထု အနေနဲ့လည်း တော်လှန်ရေးကာလမှာ ဖက်ဒရယ်လစ်ဇင်ဆိုတဲ့ စကားရပ်ကို အသေအချာနားလည်ထား ဖို့လိုပါတယ် ။ဖက်ဒရယ်စနစ်ဆိုတာ ဘယ်လို နိုင်ငံရေးစနစ်လဲ၊ အခြားနိုင်ငံရေး စနစ်တွေနဲ့ ဘာတွေကွာခြားသလဲ၊ နွေဦးတော်လှန်ရေး ပန်းတိုင်မှာ ဘာကြောင့် ဖယ်ဒရယ်စနစ်ကို ဦးစားပေးပြောဆိုလာကြတာလဲဆိုတာကို သိရှိကြဖို့လည်းလိုအပ်ပါတယ်။

ဒါကြောင့် ဖက်ဒရယ်စနစ်ကိုစိတ်ဝင်စားသူတွေ လေ့လာနိုင်ဖို့ Burma Academy ရဲ့ Online Platform မှာ SFIG က ရေးဆွဲပြုစုထားတဲ့ ယ့်Federalism Fundamentals: Exploring the Principles and Practicesကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီသင်တန်းမှာဆိုရင်တော့ ဖက်ဒရယ်လစ်ဇင် အခြေခံသဘောတရားတွေကို နားလည်စေဖို့၊ ဖက်ဒရယ်လစ်ဇင်သဘောတရားများကို နားလည်ပြီး လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအခင်းအကျင်းများကို သုံးသပ်ရှုမြင်နိုင်ဖို့၊ တိုင်းရင်းသားမျိုးနွယ်စုတွေ ကာလရှည်ကြာရုန်းကန်လာကြတဲ့ အကြောင်းအရင်းကို သိမြင်လာစေဖို့၊ အနာဂတ်နိုင်ငံတော်ကို ဘယ်လိုဘယ်ပုံတည်ဆောက်မလဲဆိုတာ စိတ်ကူးမျှော်မြင်နိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ Modules တွေကတော့
Module 1: Introduction to Federalism
Module 2: Unity and Diversity
Module 3: Distribution of Power
Module 4: Gender Equality and Federalism
Module 5: Constitutionalism
Module 6: Local Government
Module 7: Fiscal Federalism

Enroll