Skip to main content

Constitutional Learning


FederalLawAcademy

About This Course

Federal Law Academy က သင်ကြားပို့ချပေးသွားမယ့် “Constitutional Learning”

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးပါလှပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေရဲ့ အရင်းခံပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ အသံကောင်းဟစ်ရုံသာရှိပြီး လက်တွေ့အကောင်အထည်ဖော်မှု မရှိတဲ့အခါ ပြည်တွင်းစစ်မီးဟာ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ မငြိမ်းသတ်နိုင်ဘဲ ဖြစ်နေရပါတယ်။

အနာဂတ် ဖယ်ဒရယ်နိုင်ငံတော်ကို တည်ထောင်တဲ့နေရာမှာ အခြေခံတရားဥပဒေစိုးမိုးရေးကစလို့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခုလုံး ကောင်းစွာလည်ပတ်ဖို့ဆိုရင် အားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မဖြစ်မနေလိုအပ်မှာပဲ ဖြစ်ပါတယ်။

Federal Law Academy နဲ့ Burma Academy တို့ပူးပေါင်းပြီး ပြည်သူတွေအနေနဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုမိုရင်းနှီးပြီး နားလည်နိုင်စေဖို့အတွက် “ Constitutional Learning” ဆိုတဲ့ သင်ခန်းစာကို ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်ခန်းစာဟာဆိုရင် Hybrid Learning သင်ခန်းစာဖြစ်တဲ့အတွက် တက်ရောက်သူတွေအနေနဲ့ Burma Academy Website ပေါ်က သင်ခန်းစာဗီဒီယိုတွေကို ကိုယ်တိုင်လေ့လာပြီး Module တစ်ခုပြီးဆုံးတိုင်း Live Discussion မှာ သိချင်တာတွေကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။ သင်တန်းကာလကတော့ စက်တင်ဘာ ၁၈ ရက်နေ့ မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ (၇) ပတ်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။

“Constitutional Learning” သင်ခန်းစာမှာဆိုရင် -
Module 1: ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆ
Module 2: ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆ
Module 3: ဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆက်စပ်မှု (လက်တွေ့ပြဿနာ)
Module 4: မြန်မာနိုင်ငံ၏ အရင်းခံပြဿနာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာခြင်း
Module 5: ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေလိုအပ်ချက်နှင့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရေးလိုအပ်ချက်ကို လေ့လာခြင်း
Module 6: ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွင် ကြားကာလဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်လာရေး လှုပ်ရှားဆောင်ရွက်မှုများ စတဲ့ သင်ခန်းစာတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီသင်ခန်းစာမှာ ဥပဒေစိုးမိုးရေးရဲ့ အနိမ့်ဆုံးအခြေခံမူတွေကို နိုင်ငံတကာအတွေ့အကြုံ၊ ပြည်တွင်းဖြစ်ရပ်တွေနဲ့ ကိုးကားပြီး ဆွေးနွေးတာတွေအပြင် တိုင်းရင်းသားနဲ့ ဒီမိုကရေအင်အားစုတွေ စုပေါင်းရေးဆွဲအတည် ပြုထားတဲ့ NCUB ဖက်ဒရယ်ဖွဲ့စည်းပုံပထမမူကြမ်း၊ FCDCC ဖွဲ့စည်းပုံ ဒုတိယမူကြမ်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တို့ကိုလည်း ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုတိုက်နေရင်း ပြည်နယ်အသီးသီးအဆင့်တွေရော၊ ဖက်ဒရယ် ပြည်ထောင်စုအဆင့်တွင်ပါ ကြားကာလယာယီဖွဲ့စည်းပုံအခြေခံဥပဒေတွေ လိုအပ်ကြောင်းနဲ့ မျှတတဲ့ စစ်ဆေးစီရင်မှုဆိုင်ရာအကြောင်းအရာတွေကိုပါ ပို့ချသွားမှာ ဖြစ်ပါတယ်။

Organization

Course Staff Image #1

Organization

Federal Law Academy

Enroll