Skip to main content

PEACE AND CONFLICT STUDIES


BurmaAcademy

COURSE DESCRIPTION and LEARNING OBJECTIVES

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ

မတူကွဲပြားမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ သဘောထားကွဲလွဲမှုတွေကနေ ပြဿနာတွေဆီကို ဦးတည်သွားပြီး ဒီလို ပဋိပက္ခတွေက ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်စေတတ်ပါတယ်။ ဒီလို ပြဿနာတွေကို ရှောင်လွှဲမရ ကြုံတွေ့ဖြစ်တဲ့အခါ ပဋိပက္ခအဆင့်ထိ မရောက်ရအောင် ကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့ ဘယ်လိုမျိုး တည်ဆောက်ကြမလဲဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လမ်းစဉ်တစ်လျှောက် မတူကွဲပြားမှု အကြောင်းအချက်များနဲ့ ပဋိပက္ခ အခြေအနေ အရပ်ရပ်ကနေ ဘာတွေ သင်ယူလေ့လာနိုင်မလဲဆိုတာအပြင် ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအချင်းချင်း ဘယ်လို အပြန်အလှန် လေးစားသင်ယူမျှဝေနိုင်ကြမလဲဆိုတာကို အဓိက လေ့လာထားရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အကြမ်းမဖက်ဆက်ဆံပြောဆိုမှုပညာရပ်ရဲ့ အဓိကအပိုင်းနှစ်ပိုင်းဖြစ်တဲ့ နှလုံးသားဖြင့် တလေးတစား နားထောင်ခြင်းနှင့် ပွင့်လင်းရိုးသားစွာ ထုတ်ဖော်မြွက်ဟခြင်းတို့ကို နေ့စဉ်ဘဝ လူမှုပေါင်းသင်းဆက်ဆံရေးမှာ သာမက အမျိုးမျိုးသော အခြေအနေ လူပုဂ္ဂိုလ် အဖွဲ့အစည်း အသင်းအပင်းများနှင့် ကူးလူးဆက်ဆံရာတွင်လည်း လက်တွေ့ ကျင့်သုံးနိုင်စေရန် ရည်ရွယ်လျက် ယခုသင်ခန်းစာကို သင်ကြားပို့ချလိုက်ရပါတယ်။

1. Learning Objectives

- ပညာရှင်တွေရဲ့ ‘ပဋိပက္ခ’ အပေါ် ဖွင့်ဆိုထားချက်နဲ့ အခြေခံ အကြောင်းချင်းရာတွေကို သိရှိနိုင်ရန်။
- ပဋိပက္ခရဲ့ သဘောသဘာဝနဲ့ ဖြစ်ပွါးမှု ပုံစံအမျိုးမျိုးကို သတိပြုမိနိုင်ရန်။
- ပဋိပက္ခကို ဦးတည်စေတဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို အချိန်မီ သတိပြုဖော်ထုတ် နားလည်နိုင်စေရန်။
- မကျေလည်မှုတွေကနေ ပဋိပက္ခအဆင့်ထိ ပေါက်ကွဲထွက်လာတဲ့အခါ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို မှန်းဆနိုင်ရန်။
- အကြမ်းမဖက်ဆက်ဆံပြောဆိုမှုပညာရပ်၏ အောက်ပါ အစိတ်အပိုင်း (၄) ခု ကို သိရှိနားလည် အသုံးချတတ်ရန် -
၁ အကြောင်းခြင်းရာများကို အသေးစိတ် စူးစမ်းလေ့လာခြင်း
၂ ခံစားချက်များကို အပြန်အလှန်ဖော်ပြ၍ သိရှိနားလည်စေခြင်း
၃ လိုအပ်ချက်များကို သေချာစွာ စိစစ်ဖော်ထုတ်ပြသခြင်
း ၄ တောင်းဆိုမှုများကို ရေရှည်အကျိုးဦးတည်၍ အပေးအယူမျှမျှ ညှိနှိုင်းခြင်း

2. Expected Course Outcomes

- ဤသင်တန်းကို သင်ယူပြီးစီးသည့်အခါ သင်တန်းသား/သူများအနေနှင့် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဘာသာရပ်၏ အခြေခံဖြစ်သည့် အကြမ်းမဖက်ဆက်ဆံပြောဆိုမှုပညာကို သိရှိနားလည်ကာ လက်တွေ့ပြန်လည် အသုံးချနိုင်စေရန်
Enroll