Skip to main content

Digital Citizenship


SRS

Digital Citizenship

ယနေ့ခေတ် ရှင်သန်နေထိုင်မှုတွင် ဒစ်ဂျစ်တယ်နည်းပညာ၏ အခန်းကဏ္ဍသည် လူတစ်ဦး၏ နေ့စဉ်လူမှုဘဝ အဆင်ပြေချောမွေ့စေရေးအတွက် မရှိမဖြစ်နေရာမှပါဝင်လာသည်။ ထိုသို ပါဝင်လာမှုနှင့်အတူ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း သုံးစွဲသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အထင်အမြင် လွဲမှားမှုများကို ရှောင်ရှားနိုင်ရန်အတွက်၊ အပြန်အလှန် အကျိုးပြုသော ရေရှည်တည်တန့်သော ဆက်ဆံရေးကို ဒီဂျစ်တယ်ရပ်ဝန်းအတွင်း ထူထောင်နိုင်ရေးအတွက် ဒီဂျစ်တယ်နီတိ များကို သိရှိထားရန် လိုအပ်ပါသည်။ ယခု သင်ခန်းစာများတွင် ဒီဂျစ်တယ်ရပ်ဝန်းအတွင်းလိုက်နာရန် လိုအပ်သည့် အခြေခံကျင့်ဝတ်များ၊ အချက်အလက် စီးဆင်းမှုဆိုင်ရာ သဘောသဘာဝများ၊ ထိုရပ်ဝန်းတွင် နေထိုင်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများ အကြောင်း၊ ဒီဂျစ်တယ် နိုင်ငံသားဆိုင်ရာဖွင့်ဆိုမှုများ၊ လုံခြုံရေးဆိုင်ရာ အသိပညာများ၊ ဒီဂျစ်တယ် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ မီဒီယာ နှင့် သတင်းမီဒီယာများ အကြောင်း၊ ဒီဂျစ်တယ်ရပ်ဝန်းတွင် သမမျှတစွာ နေထိုင်နည်းများကို လေ့လာရမည်ဖြစ်ပါသည်။

သင်ခန်းစာပြီးမြောက်ပါက ရရှိနိုင်မည့် အကျိုးရလာဒ်များ

(၁) စက်မှုတော်လှန်ရေးအဆင့်ဆင့် ပြောင်းလဲလာမှုမှတဆင့် ယနေ့ ဒစ်ဂျစ်တယ်ခေတ် အကူးအပြောင်းကို နားလည်ပြီး မိမိအနေဖြင့် ဒစ်ဂျစ်တယ်နိုင်ငံသားတစ်ဦးအဖြစ် ပါဝင်နေမှုတိုကို နားလည်သဘောပေါက်လာမည်။
(၂) အင်တာနက်ပေါ်တွင် အချက်အလက်စီးဆင်းမှုဆိုင်ရာ အခြေခံကို သိမြင်နားလည်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တို၏ အရေးကြီးမှုနှင့် ကာကွယ်မှုဆိုင်ရာ အခြေခံနည်းလမ်းများကို နားလည်နိုင်မည်။
(၃) ဒစ်ဂျစ်တယ်နိုင်ငံသားတစ်ဦးအနေဖြင့် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ရရှိရမည့် အခြေခံဒီဂျစ်တယ်ရပိုင်ခွင့်များနှင့် လိုက်နာသင့်သည့် တာဝန်များကို သိရှိနားလည်ပြီး ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင် သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကို သဘောပေါက်နားလည်မည်။
(၄) ဒီဂျစ်တယ်ရပ်ဝန်းအတွင်း သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကား ပျံ့နှံမှု သဘောသဘာဝကို နားလည်ပြီး စိစစ်နိုင်မည့် အခြေခံနည်းလမ်းများကို သိနားလည်နိုင်မည်။
(၅) မိမိလူမှုဘဝနှင့် ဒစ်ဂျစ်တယ်ဘဝကို သမမျှတစွာ နေထိုင်နိုင်မည့် နည်းလမ်းနှင့် သဘာဝများကို သိရှိနားလည်နိုင်မည်။

Enroll