Skip to main content

Japanese Basic Course for Beginner


BurmaAcademy
Enrollment in this course is by invitation only

About This Course

Burma Academy ရဲ့ ပထမဆုံး အခမဲ့ Language course ဖြစ်တဲ့ ''Japanese Basic course for beginners''


ကမ္ဘာကြီးက ရွာငယ်လေးသာသာဖြစ်လာတဲ့ ၂၁ ရာစုမှာ မိခင်ဘာသာစကားတစ်ခုထက်ပိုပြီး ဘာသာစကားအချို့ တတ်ထားဖို့ လိုအပ်လာပါတယ်။ ဘာသာစကားတစ်ခုတည်း ပြောဆိုအသုံးချတတ်ရုံက ဒီနိုင်ငံထဲမှာပဲ အလုပ်လုပ်မယ်၊ ကျောင်းတက်မယ်ဆိုရင်တောင် မလုံလောက်တော့ပါဘူး။ အသုံးချစရာမလိုအပ်ရင်တောင် ဘာသာစကားအမျိုးမျိုးကို တတ်မြောက်ထားတဲ့အတွက် ကိုယ့်ဘဝမှာ ယုတ်လျော့သွားစရာမရှိဘဲ Achievement တစ်ခု တိုးလာမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအဆင့်အတန်း မြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် လူငယ်လူရွယ်တွေရဲ့ Dream Country အနေနဲ့ ဒီနှစ်ပိုင်းတွေမှာ ပိုပိုပြီး ရေပန်းစားလာပါတယ်။ သင်ယူသင့်တဲ့တိုင်းတစ်ပါးဘာသာစကားတွေထဲမှာ ဂျပန်ဘာသာစကားကလည်း အင်္ဂလိပ်ဘာသာစကားလိုပဲ အခရာကျလာပါတယ်။ ဒီလို အရေးပါတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ဂျပန်ဘာသာစကားကို Burma Academy ကနေ သင်ကြားပေးသွားတော့မှာဖြစ်ပါတယ်။ Burma Academy ကနေ ဂျပန်ဘာသာစကားကို အခြေခံကနေစပြီး လေ့လာသင်ယူလိုသူ Beginner တွေအတွက် Japanese Basic course ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ Hybrid ပုံစံသင်တန်းဖြစ်မှာဖြစ်ပြီး တစ်ပတ်ကို သင်တန်းချိန် ၂ ချိန်ရှိပြီး သင်တန်းချိန် တစ်ချိန်ကို ၂ နာရီ သင်ယူရမှာဖြစ်ပါတယ်။ သင်တန်းကာလကတော့ စက်တင်ဘာ ၃ ရက်နေ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ၁၂ ပတ်ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့လယ် ၁၁:၀၀ - ၁:၀၀ နာရီထိ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ စုစုပေါင်း သင်တန်းသား (၅၀) ဦး ရွေးချယ်လက်ခံသွားမှာဖြစ်ပြီး မရွေးချယ်ခံရတဲ့သူတွေအတွက်လည်း Lecture video တွေကို ပြန် record လုပ်ပြီး Burma Academy website မှာ self-paced အနေနဲ့ ပြန်လည် လေ့လာနိုင်ဖို့ တင်ထားပေးမှာဖြစ်ပါတယ်။

Organization

OAI

Burma Academy Original

ဤ course ကို Burma Academy မှ organize လုပ်ပြီး BA Original course တစ်ခုဖြစ်ပါသည်။