Spring University Myanmar
ဤ course ကို Spring University Myanmar မှ Organize လုပ်၍ သင်ကြားပို့ချပါသည်။
မြန်မာပြည်သူ/သားတိုင်း ဒီဂျစ်တယ်လုံခြုံရေး အကြောင်းသိရှိပြီး အင်တာနက်ကို ပိုမိုလုံခြုံစွာ အသုံးပြုနိုင်သူတွေဖြစ်ဖို့ ဘာမားအကယ်ဒမီမှဖွင့်လှစ်မည့် “Digital Security” အတန်းဖြစ်ပါတယ်။
အချိန်၊နေရာမရွေး လေ့လာနိုင်ဖို့ ဗီဒီယိုသင်ခန်းစာများဖြင့် ဝေမျှသွားမှာဖြစ်ပြီး သင်ခန်းစာစုစုပေါင်း (၈) ခုပါဝင်သွားမှာပါ။ သင်ခန်းစာ တစ်ခုချင်းစီမှာ ဒီဂျစ်တယ်ကိရိယာများအား လုံခြုံစွာ အသုံးပြုနည်း၊ စကားဝှက်နှင့် ၂ဆင့်ခံ လုံခြုံရေးအကြောင်း၊ ဆိုက်ဘာနှင့်ဒေတာလုံခြုံမှုရှိဖို သိရှိထားသင့်တဲ့ အချက်တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းပြီး လူတိုင်းအတွက် အကျိုးရှိတဲ့သင်ခန်းစာများ ဖြစ်သောကြောင့် “နွေဦးလုံခြုံရေးရဲ့အစ မိမိက” ဆိုတဲ့အတိုင်း လူကြီး/ငယ်မရွေး တက်ရောက်ကြဖို တိုက်တွန်းလိုက်ရပါတယ်။
ဒီဂျစ်တယ်လုံခြုံမှုရှိတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ပြီး ပြည်သူတစ်ရပ်လုံး လုံခြုံစွာနေထိုင်ကာ နွေဦးတော်လှန်ရေးရဲ့ အရှိန်မြင့်တင်နိုင်ဖို သင်ကိုယ်တိုင်က စတင်လိုက်ပါ။
ဤ course ကို Spring University Myanmar မှ Organize လုပ်၍ သင်ကြားပို့ချပါသည်။