Skip to main content

Cardiovascular System


MedHub

About This Course


ဆေးပညာရပ်ဝန်းက ကျောင်းသားတွေအတွက် “Cardiovascular System” သင်ခန်းစာ



စစ်ကောင်စီရဲ့ပညာရေးအောက် ဒူးမထောက်ဘဲ တော်လှန်ရေးမှာ ပါဝင်အားဖြည့်ပေးနေကြတဲ့ ဆေးပညာရပ်ဝန်းက ကျောင်းသားကျောင်းသူတွေအတွက် MedHub က သင်ကြားပို့ချပေးမယ့် “Cardiovascular System” ရဲ့ Integrated သင်ခန်းစာလေးကို Burma Academy Website ပေါ်မှာ လေ့လာနိုင်ပါပြီ။

ဒီသင်တန်းမှာဆိုရင် Cardiovascular နဲ့ ပတ်သက်တဲ့ Basic Anatomy ကစလို့ ရောဂါတွေရဲ့ Pathophysiology တွေအပြင် Bedside Examination တွေကိုပါ ထည့်သွင်းလေ့ကျင့်ပေးထားပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ နှလုံးနဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေအကြောင်းကို စာတွေ့ရော လက်တွေ့ရော ကျွမ်းကျင်အောင် ပို့ချသင်ကြားပေးထားပါတယ်။

ဒီသင်ခန်းစာကို လေ့လာပြီးပြီဆိုရင်တော့ Cardiovascular System မှာ ပါတဲ့ Organ တစ်ခုချင်းစီရဲ့ Structure နဲ့ Function ကို Embryology ကနေစပြီး ချိတ်ဆက်သိရှိသွားမှာဖြစ်တဲ့အပြင် နှလုံးနဲ့ ပတ်သက်တဲ့ Physiological Process တွေ၊ နှလုံးရောဂါဖြစ်ပွါးစေတဲ့ ပိုးမွှားတွေအပါအဝင် အခြား Pathological Factor တွေနဲ့ Pathophysiology ကိုပါ တစ်ထိုင်တည်း ချိတ်မိပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါတင်မကသေးဘဲ နှလုံးနဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးအားနည်းတာ စတဲ့ရောဂါတွေရဲ့ အခြေခံအကြောင်းတရားတွေနဲ့ ဆက်စပ်ပြီး ကုသမှုပုံစံတွေနဲ့ ထိရောက်တဲ့ဆေးတွေကို ပေးနိုင်ဖို့အတွက် ဆေးတွေရဲ့ အလုပ်လုပ်ပုံတွေကိုပါ သင်ကြားပေးထားပါတယ်။

ဒီသင်ခန်းစာလေးဟာ Cardiovascular System အတွက် Integrated Course ဖြစ်တာမို့ ဆေးကျောင်းမှာ တစ်တန်းတစ်ပိုင်းစီ သင်ခဲ့ရတာတွေကို တစ်နေရာထဲမှာ စုစည်းပြီး Concept မိအောင် ချိတ်ဆက်သင်ကြား ပေးထားတဲ့အတွက်ကြောင့် ဆေးကုသရာမှာ Diagnosis မှန်မှန်နဲ့ ထိရောက်တဲ့ Treatment တွေပေးနိုင်ဖို့ တကယ်ကို ထိရောက်ပြီးတော့ အသုံးဝင်တဲ့ သင်ခန်းစာလေး တစ်ခုပဲဖြစ်ပါတယ်။

Enroll