Skip to main content

Digital Identities


BA

About This Course

International Adapted Course တွေထဲက ပထမဦးဆုံး သင်ခန်းစာ- Digital Identities

Cyber Security ကို စိတ်ပါဝင်စားတဲ့ သူတွေအတွက် International Adapted Course တွေထဲက ဦးဆုံး သင်ခန်းစာဖြစ်တဲ့ ဒစ်ဂျစ်တယ်အထောက်အထား သင်ခန်းစာ Digital Identity ကို Burma Academy ရဲ့ Website မှာ သင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အထောက်အထားဆိုတာကတော့ အွန်လိုင်းပေါ်က လူတစ်ယောက်၊ အသင်းအဖွဲ ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုကို ကိုယ်စားပြုတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အထောက်အထားပဲ ဖြစ်ပါတယ်။ Gmail ကအစ Facebook လို ဆိုရှယ်မီဒီယာ account တွေ၊ Burma Academy လို Education platform တွေကို log in ဝင်တာအဆုံး ဒစ်ဂျစ်တယ်အထောက်အထား နယ်ပယ်က ကျယ် ပြန့်ပြီး သုံးစွဲသူတွေအတွက် အရေးကြီးသလို အသုံးဝင်လှပါတယ်။

ဒီလို ဒစ်ဂျစ်တယ်အထောက်အထားတွေကို ခိုးယူပြီးတော့ ခိုးယူခံရတဲ့သူရဲ့ အယောင်ဆောင်ပြီး သူ့ရဲ့ ကိုယ်ပိုင်အချက်အလက် ဒေတာတွေကို အလွဲသုံးစားလုပ်ကြတဲ့အခါမှာ လူတွေအတွက်နစ်နာဆုံးရှုးစရာတွေ အများကြီးရှိလာပါတယ်။

ဒါကြောင့် Cybersecurity သင်တန်း Digital Identity သင်ခန်းစာမှာ ဒစ်ဂျစ်တယ်အထောက်အထားတွေ အကြောင်း၊ ဒစ်ဂျစ်တယ်အထောက်အထားဆိုတာ ဘယ်လိုသတ်မှတ်ထားသလဲ၊ ဒစ်ဂျစ်တယ်အထောက်အထားတွေကို ဘယ်လို စီမံခန့်ခွဲပြီး စိတ်ချလုံခြုံအောင် သိမ်းဆည်းမလဲ အစရှိတဲ့ အခြေခံသဘောတရားတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်ကြားပေးမယ့် နည်းပြဆရာကတော့ ပါမောက္ခ Dr. Christoph Meinel ဖြစ်ပါတယ်။

Organization

OAI
Enroll