Skip to main content

How to make an Emergency Water Filter For Water Purification


YDNB

About This Course

How to make an Emergency Water Filter For Water Purification.
သောက်သုံးရေ အလွယ်တကူမရရှိနိုင်တဲ့အခါမျိုးမှာ အရေးပေါ် ဘယ်လိုဖြေရှင်းကြမလဲ?
တိုက်ပွဲဖြစ်ပွါးနေတဲ့ ကာလမျိုးတွေမှာ အချိန်မရွေး မိမိနေရပ်ကို စွန့်ခွါပြီး ဘေးလွတ်ရာ တောတွေတောင်တွေထဲ ရှောင်တိမ်းရတဲ့အခါမှာ သောက်သုံးရေအခက်အခဲ ဖြစ်လာကြပါတယ်။ သောက်သုံးရေသန့် အလွယ်တကူမရရှိနိုင်တဲ့ အချိန်မျိုးမှာ မိမိအနီးအနားမှာ အလွယ်တကူရရှိနိုင်တဲ့ရေကို စနစ်တကျသန့်စင်ပြီး သောက်သုံးရေရအောင် ပြုလုပ်နိုင်ဖို့အတွက် Burma Academy Website ပေါ်မှာရှိတဲ့ “How to make an Emergency Water Filter For Water Purification” ဆိုတဲ့ သင်ခန်းစာကို အခမဲ့ လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဒီသင်ခန်းစာကို မန္တလေးရတနာပုံတက္ကသိုလ်က ပို့ချသင်ကြားပေးထားတာ ဖြစ်ပါတယ်။

⦁ Learning Objectives

1. To reduce the impurities to a certain level that does not cause harm to human health.
2. To make water safe for drinking.
3. To understand the issues of water pollution and the importance of access to clean water.
4. To learn how to filter water.
ဒီသင်ခန်းစာမှာဆိုရင်
၁။ ရေထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပြီး သောက်သုံးရေအဖြစ် ရောက်ရှိအောင် သန့်စင်တတ်စေရန်၊
၂။ သောက်သုံးဖို့အတွက် စိတ်ချရတဲ့ ရေအရင်းအမြစ်တစ်ခု ပြုလုပ်တတ်စေရန်၊
၃။ ရေညစ်ညမ်းမှုရဲ့ ပြဿနာရပ်တွေကို နားလည်ပြီး ရေသန့်စင်ခြင်း အရေးပါမှုကို သိရှိစေရန်၊
၄။ ရေကို စစ်ထုတ်ခြင်းနည်းလမ်းကို အသုံးပြုပြီး သန့်စင်တတ်စေရန် စတဲ့ အကြောင်းအရာတွေကို ရှင်းလင်းသင်ကြားပေးထားပါတယ်။

Organization

Course Staff Image #1

Yadanabon University

This course is organized by Acting Council of Yadanabon University, Mandalay.

Enroll