
Content Writing
BurmaAcademy

About This Course
စာကောင်းတစ်ပုဒ်ကို ရေးနိုင်ဖို့အတွက် အချက်အလက်ပိုင်နိုင်မှု၊ သဒ္ဒါနဲ့ စာပိုဒ်အထားအသို အဖြတ်အတောက်က အရေးကြီးသလို လူတွေကို ပြောပြချင်တဲ့အကြောင်းအရာကို လိုတိုရှင်း ထိထိမိမိနဲ့ ဖတ်ချင်စရာကောင်းအောင်၊ စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်ဖို့ကလည်း အလွန် အရေးကြီးပါတယ်။
Burma Academy လို အခမဲ့ ပညာရေး Platform တွေကလည်း စိတ်ဝင်စားစရာ Content တွေကို တင်ဆက်ပေးနေလျက်ရှိပြီး Content ကောင်း တစ်ပုဒ်ရဖို့အတွက် လိုအပ်တဲ့အရာမှန်သမျှကို ထည့်သွင်းစဥ်းစားမြဲ ဖြစ်ပါတယ်။
ဒါကြောင့် လူတွေအတွက် စိတ်ဝင်စားစရာ Content တွေကို ဖန်တီးလိုပြီး Marketing ကို content ကောင်းတစ်ပုဒ်နဲ့ ထိုးဖောက်လိုသူတွေအတွက် သူတွေအတွက် Burma Academy က Content Writing သင်တန်းကို ဖွင့်လှစ်ပေးလိုက်ပါပြီ။
Content Writing သင်တန်းမှာ Content Writing ဆိုတာဘာလဲ၊ Content Writing မရေးခင် သိသင့်တဲ့ အကြောင်းအရာတွေ၊ ရေးနေဆဲမှာ သိကိုသိထားရမယ့် နည်းစနစ်တွေ၊ ရေးပြီးတဲ့ အခါမှာ လုပ်ရမယ့် အလုပ်တွေအကြောင်း မျှဝေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Content writing နဲ့ Copy writing အတွက် Assignment တွေကိုလည်း လုပ်ရမှာဖြစ်ပြီး အရည်အသွေးနဲ့ အားသာချက်၊ လိုအပ်ချက်တွေကို အကဲဖြတ် စစ်ဆေးပေးမှာပါ။
Organization
