Skip to main content

Elements of Political Thoughts


MinorityAffairsInstitute
Enrollment in this course is by invitation only

About This Course

“Elements of Political Thoughts”

မြန်မာနိုင်ငံဟာ ယနေ့အချိန်အထိ စစ်အာဏာရှင်အဆက်ဆက်ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို ခံခဲ့ရတဲ့အတွက် မြန်မာပြည်သူပြည်သားတွေအနေနဲ့ လွပ်လပ်ခြင်းရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို မခံစားမသိရှိရဘဲ တစ်ကိုယ်စာအဆင်ပြေဖို့အရေးကိုသာ ရုန်းကန်လှုပ်ရှားနေရပြီး နိုင်ငံရေးကို စိတ်ဝင်စားချိိန် မရပါဘူး။ ဒါ့အပြင် ကျောင်းသားတွေ နိုင်ငံရေးလုပ်ရင် ထောင်ချပြ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှိပ်စက်ညှင်းပန်းပြပြီး ပြည်သူလူထုကို အကြောက်တရားသွင်းပြီး နိုင်ငံရေးနဲ့ ဝေးကွာစေခဲ့တဲ့အတွက်ကြောင့် နိုင်ငံတွင်းမှာ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်မီး မငြိမ်းသေးတဲ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ အကြိမ်ကြိမ်ဖြစ်ပွါးခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများအပေါ် ဦးတည်ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုလိုမျိုးကိုပါ အမှန်ကိုမသိဘဲ ထောက်ခံအားပေးခဲ့မိကြပါတယ်။ အခုလို တော်လှန်ရေးကာလမှာ ပြည်သူလူထုအနေနဲ့ နိုးနိုးကြားကြားရှိလာပြီး နိုင်ငံရေးအမြင်ကျယ်လာတဲ့အတွက် အတိတ်ကသမိုင်းဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးမှာ နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ လက်ရှိကာလနဲ့ အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်ရာမှာ တန်းတူညီမျှ ပါဝင်လုပ်ကိုင်ဆုံးဖြတ်နိုင်ကြစေဖို့အတွက် ဒီသင်ခန်းစာကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

Course Outline

ဒီသင်ခန်းစာမှာဆိုရင် ဥရောပနိုင်ငံတွေရဲ့ နိုင်ငံရေးဗျူရိုတွေ၊ ဂရိနဲ့ အလယ်ခေတ်ကာလ နိုင်ငံရေးအယူအဆတွေ၊ အစိုးရတစ်ရပ်ရဲ့သီအိုရီ၊ အတွေးအခေါ်ပညာရှင်တွေရဲ့ နိုင်ငံရေးရှုမြင်သုံးသပ်ခြင်းတွေ၊ လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေး ၀တ္တရားတွေ မှီတည်နေတဲ့ social contract ကို လေ့လာသုံးသပ်ခြင်း၊ အာရှမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့နိုင်ငံရေးဆိုင်ရာဘာသာဗေဒတွေကို လေ့လာသုံးသပ်ခြင်း အစရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။