Skip to main content

အခြေခံသတင်းစာပညာနှင့် မီဒီယာကိုနားလည်ခြင်း


OAI
Enrollment in this course is by invitation only

သင်တန်းအကြောင်း

တော်လှန်ရေးဟာတစ်နေ့တခြား အရှိန်အဟုန် မြင့်လာတာနဲ့အမျှ လူထုရဲ့ တော်လှန်ရေးရေချိန်ကလည်း မြင့်တက်လာပါတယ်။ တော်လှန်ရေးမယိုင်လဲသွားဖို့ ပြည်သူဟာ ကဏ္ဍပေါင်းစုံကနေ ကြိုးစားနေသလို တစ်ဖက်ကလည်း တစ်ရစ်ပြီးတစ်ရစ် ပိုပြီး တင်းကြပ်လာ၊ ထိန်းချုပ်လာမှုတွေ ရှိနေပါတယ်။

ဒီလို ပိုတင်းကြပ် ထိန်းချုပ်လာတဲ့အထဲမှာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကိုလည်း အကြီးအကျယ် ထိုးစစ်ဆင်လာကြပါတယ်။ ပြည်သူ့မီဒီယာတွေဟာ ရှောင်ရ၊ ရှားရ၊ အချို့လည်း ဖမ်းဆီးခံရနဲ့ မီဒီယာကဏ္ဍဟာ အရင်ကလို လွတ်လပ်မှုမရှိတော့ဘဲ တိုင်းပြည်ရဲ့နားတွေ၊ မျက်စိတွေဟာ မတရားသဖြင့် ပိတ်ဆို့ခံထားရပါတယ်။

ယခုလိုကာလမှာ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီဟာ တိုင်းပြည်ရဲ့ မျက်စိနဲ့နားတွေဖြစ်ပေးဖို့လိုပါတယ်။ နည်းစနစ်ကျပြီး သတင်းပေးပို့သူ၊ သတင်းထောက်တွေ ဖြစ်နိုင်ဖို့အတွက် ဥဩစာသင်ကျောင်းမှ Citizen Journalism and Media Literacy Course (အခြေခံသတင်းစာပညာနှင့် မီဒီယာကိုနားလည်ခြင်း) ကို မိတ်ဆက်လိုက်ရပါသည်။

သင်ယူပြီးမြောက်ပါက ရရှိလာမည့်ရလဒ်

- သတင်းပညာအကြောင်း အခြေခံအားဖြင့် နားလည်သဘောပေါက်လာမည်။

- သတင်းအတု၊ သတင်းအမှားများကို ခွဲခြားသိမြင်လာမည်။

- မြန်မာ့မီဒီယာအဖွဲ့အစည်းများအကြောင့် နားလည်သိမြင်လာမည်။

- သတင်းတစ်ခုကို စနစ်တကျ ရေးသားတတ်လာမည်။

သင်ကြာမည့်နည်းလမ်း

အွန်လိုင်းအခြေပြုသင်ကြားနည်းကို အသုံးပြုပါမည်။ အဓိကအားဖြင့် Zoom Platformကို အသုံးပြုမည်ဖြစ်ပြီး Telegram Channelမှ သင်တန်းနှင့်သက်ဆိုင်သော အချက်အလတ်များကို ဖော်ပြပေးသွားပါမည်။

သင်တန်းကြေး

ဒီအခမဲ့သင်ကြားမှု ဖြစ်ပါသည်။

ကြာချိန်

သင်တန်းဟာ ၁ပတ်လျှင် ၂ရက်၊ ၁ရက်လျှင် ၂နာရီနှုန်းဖြင့် ၃ပတ်တာကြာမြင့်ပါမည်။ သင်ကြားချိန်အားဖြင့် ၁၂နာရီတာ ကြာမြင့်မည်ဖြစ်ပါသည်။

Organization

OAI

Oak Awe Institute

ဤ course ကို Oak Awe Institute မှ organize လုပ်၍ ကို မရက်ကျော်သူ - အလွတ်တန်းသတင်းထောက် (Kate Webb Prize Winner) မှသင်ကြားပို့ချပါသည်။

သင်ရိုးမာတိကာ

(၁) အခြေခံသတင်းပညာ။

(၂) သတင်းတု၊ သတင်းမှားကို ခြေရာခံခြင်း။

(၃) သတင်းတိုရေးသားနည်း။

(၄) မြန်မာ့မီဒီယာအဖွဲ့အစည်းများကို နားလည်ခြင်း။

အချိန်ဇယား

အပတ်စဥ် ၃ခုခွဲ သင်ကြားပေးမှာဖြစ်ပြီး အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အပတ်စဥ် (၁)

    စဥ်        ရက်စွဲ        အချိန်   
    ၁။        ဧပြီလ   ၆ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၂။        ဧပြီလ   ၇ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၃။        ဧပြီလ   ၁၃ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၄။        ဧပြီလ   ၁၄ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၅။        ဧပြီလ   ၂၀ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၆။        ဧပြီလ   ၂၁ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   

အပတ်စဥ် (၂)

စဥ်     ရက်စွဲ        အချိန်   
    ၁။        ဧပြီလ   ၂၇ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၂။        ဧပြီလ   ၂၈ ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၃။        မေလ ၄   ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၄။        မေလ ၅   ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၅။        မေလ ၁၁   ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   
    ၆။        မေလ ၁၂   ရက်၊ ၂၀၂၂ခုနှစ်        ည(၇)နာရီမှ (၉)နာရီအထိ   

အပတ်စဥ် (၃)

    စဥ်       ရက်စွဲ       အချိန်   
    ၁။       မေလ ၁၈   ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   
    ၂။       မေလ ၁၉   ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   
    ၃။       မေလ ၂၅   ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   
    ၄။       မေလ ၂၆   ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   
    ၅။       ဇွန်လ   ၁ ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   
    ၆။       ဇွန်လ   ၂ ရက်၊ ၂၀၂၂ခုနှစ်       ည(၇)နာရီမှ (၉)နာရီအထိ   


အသိအမှတ်ပြုလက်မှတ်

NUG, MOE အသိအမှတ်ပြု ပြီးစီးကြောင်းလက်မှတ် အလိုရရှိလျှင် သတ်မှတ်ထားသော အတန်းချိန်နှင့် Assessmentများ ပြီးစီးပါက စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများနှင့် CDMဆရာဆရာမကို ထောက်ပံ့ရန် မြန်မာငွေ ၁၅၀၀၀ကျပ် လှူဒါန်းထည့်ဝင်ပြီး ရယူနိုင်ပါသည်။