Skip to main content

Understanding the Conflicts in Burma


BurmaCivilWarMuseum
Enrollment in this course is by invitation only

About This Course

မြန်မာပြည်သူပြည်သားတစ်ယောက်အနေနှင့် လေ့လာသင့်သော ပြည်တွင်းက ပဋိပက္ခများ ကျောင်းနေစဉ် သင်ယူကျက်မှတ်ခဲ့ကြတဲ့ မြန်မာ့သမိုင်းထဲမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ တိုင်းရေးပြည်ရေး ကိစ္စတွေက ချန်လှပ်ထားခံခဲ့ပါတယ်။ ချန်လှပ်ထားခဲ့တဲ့ ကိစ္စတွေထဲမှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်သာမကပဲ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေ အပါအဝင်ပါပဲ။ ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေက မြန်မာနိုင်ငံရေးကို ပိုပြီး စိတ်ပါဝင်စားလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးကို အကောင်အထည်ဖော်လိုသူတွေအတွက် ပြည်တွင်းပဋိပက္ခတွေအကြောင်း ပိုမို လေ့လာသိရှိနိုင်စေဖို့ (မြန်မာပြည်တွင်း ပဋိပက္ခများအကြောင်း သိရှိနားလည်ခြင်း) ''Understanding the Conflicts in Burma'' သင်တန်းကို Burma Academy မှာ လေ့လာသင်ယူနိုင်ပါတယ်။

Course Outline

သင်တန်းမှာ ဆွေးနွေးမယ့် သင်ခန်းစာ ခေါင်းစဥ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- မြန်မာပြည်အတွင်းမှ လူမျိုးစုများ

- ပြည်တွင်းစစ်ဖြစ်ပွားရခြင်း အကြောင်းရင်းမြစ်

- မြန်မာပြည်တွင်းမှ လူမျိုးရေး နှင့် ဘာသာရေး ပဋိပက္ခများကို လေ့လာခြင်း

- လူမျိုးတုန်း သတ်ဖြတ်မှုဆိုတာ ဘာလဲ?

- လူမျိုးတုန်း သတ်ဖြတ်မှုကို ဦးတည်စေသည့် အကြောင်းအရင်းများ

About Instructor

ဒီသင်တန်းကို Burma Civil War Museum က သုတေသီ ကိုရဲဟိန်းအောင်က သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

ကိုရဲဟိန်းအောင်ကတော့ ၂၀၀၅ ခုနှစ်မှာ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နဲ့ ဝိဇ္ဇာဘွဲ့ကို ဒဂုံတက္ကသိုလ်ကနေ ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ (ဘွဲ့လွန်ဒီပလိုမာ) ကို ရန်ကုန်တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ စတင်ပြီး မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက် စုဆောင်းမှုတွေနဲ့ သုတေသန လုပ်ငန်းတွေကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ပြည်တွင်းစစ်၊ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဓိက လေ့လာမှုတွေ ပြုလုပ်ဆောင်ရွက်နေပါတယ်။