Skip to main content

About

လူတိုင်းအကျုံးဝင်

ပညာရေးရပ်ဝန်း

Background

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော မြန်မာပြည်သူတစ်ရပ်လုံးက CDM လှုပ်ရှားမှုကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ထိုသို့ပါဝင်ဆင်နွှဲသူများတွင် ပညာရေးကဏ္ဍမှ ဆရာများ၊ ကျောင်းသားကျောင်းသူများသည်လည်း အပါအဝင်ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ လှိုင်းများစတင်ချိန်ကတည်းက ပိတ်ထားရသော တက္ကသိုလ်များ၊ကျောင်းများသည် ယခုချိန်ထိ အသက်ဝင်မှုမရှိသေးပေ။ စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ဖိအားပေးဖွင့်ရန် ကြိုးစားမှုများရှိသော်လည်း ကျောင်းသားကျောင်းသူအများစုနှင့် ဆရာများ၏ သပိတ်မှောက်ဆန့်ကျင်မှုကြောင့် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသေးပါ။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍတစ်ခုလုံး ရပ်တန့်သလိုဖြစ်နေသည်မှာ ၂ နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကတည်းက စစ်ကျွန်ပညာရေးစနစ်အောက်တွင် နေထိုင်ခဲ့ရသော နိုင်ငံဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ ဖျက်ဆီးမှုများကြောင့် တက္ကသိုလ်များ မြို့ပြင်ရောက်ခဲ့ရသလို လူငယ်အများစုသည်လည်း ကောင်းမွန်သော ပညာရေးကို လက်လှမ်းမီခွင့်မရရှိခဲ့ပေ။ စစ်တပ်၏ ဝါဒဖြန့်ချီမှုနှင့် လူမျိုးကြီးဝါဒ ဖုံးလွှမ်းနေသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် အဘက်ဘက်တွင် နိမ့်ပါးလျက်ရှိခဲ့သည်မှာ အသေအချာပင်ဖြစ်ပါသည်။

ထိုသို့ အပြောင်းအလဲများစွာ လိုအပ်နေသော ပညာရေးစနစ်အား နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်ပြုပြင်နိုင်ရန် အစိုးရတက္ကသိုလ် နှင့် ကျောင်း အသီးသီးမှ ကျောင်းသားများ၊ ကျောင်းကောင်စီများနှင့် ပြင်ပအဖွဲ့အစည်း အသီးသီးက  ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ အဆင့်မြင့်ပညာတွင် ယခင်တည်းက ရှိသင့်ခဲ့သည်ဟု ယူဆသော MOOC (Massive Open Online Course) ပလက်ဖောင်းတစ်ခုအား ၂၀၂၁ အောက်တိုဘာမှ စ၍ တက္ကသိုလ်ကောင်စီ ၅ ခုမှ စတင်အသက်သွင်းရန်ကြိုးစားခဲ့ပါသည်။ ပလက်ဖောင်း၏ နာမည်ကို “ဘာမားအကယ်ဒမီ – Burma Academy” ၏ အမည်ပေးခဲ့ပြီး ယခုပလက်ဖောင်းသည် ကြားကာလ ပညာရေးသာမက တော်လှန်ရေးအလွန် အသုံးဝင်မည့် လက်တွေ့အသုံးချပညာရပ်များကို ပို့ချနိုင်ရန် ရည်ရွယ်ထားပါသည်။ ဘားမားအကယ်ဒမီ အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုနှင့် စစ်ကျွန်ပညာရေး သပိတ်မှောက်ရာတွင် တစ်တပ်တစ်အားပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။

Mission & Objectives

ဘားမားအကယ်ဒမီတည်ထောင်ခြင်း၏ အဓိက ရည်ရွယ်ချက် (၄) ရပ်မှာ

  • ကျောင်းသားများ ကိုယ်တိုင်ဖန်တီးသည့် ကြားကာလပညာရေး (Alternative Education) ကို ဖော်ဆောင်ရန်
  • နိုင်ငံရေးအတွေးအခေါ်နှင့် လက်တွေ့အသုံးချနိုင်သည့် ပညာရပ်များကို သင်ကြားပေးခြင်းအား ဖြင့် တော်လှန်ရေးကို အထောက်အပံ့ပြုရန်
  • စစ်အာဏာရှင်ပညာရေး စနစ်ဟောင်းကို ဖြိုဖျက်၍ ဒီမိုကရေစီပညာရေးစနစ်အသစ်တစ်ခု ဖော်ဆောင်ရန်
  • လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) ကို တည်ဆောက်ရန် စသည်တို့ ဖြစ်သည်။
  • ဤရည်ရွယ်ချက် (၄) ရပ်ကို ဖော်ဆောင်ရာတွင် သုတေသနကို ဗဟိုပြုသော သင်ကြားရေးပုံစံဖြင့် ဖော်ဆောင်၍ တော်လှန်ရေးကာလအတွင်း CDM ဆရာ၊ ဆရာမများကို ထောက်ပံ့နိုင်ရန်၊ တိုးတက်သော ပညာရပ်ဆောင်ရွက်ချက်များဖြင့် ပြည်သူကို အထောက်အပံ့ပြုရန်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးတွင် အသုံးဝင်မည့် ပညာသင်ကြားမှုများကို ရှေးရှု၍ တိုင်းရင်းသား တန်းတူညီမျှရေးအတွက် အခါအားလျော်စွာ တိုင်းရင်းသားဘာသာစကားများဖြင့်လည်း ထည့်သွင်း သင်ကြားသွားမည်ဖြစ်သည်။

    ဘားမားအကယ်ဒမီသည် ပညာသင်ကြားခြင်းကိုသာ အဓိကဦးတည်သည်မဟုတ်ဘဲ စစ်ကျွန်ပညာရေးကို တော်လှန်သော ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများကို ထောက်ပံ့သော သုတေသနအခြေပြု ရပ်ဝန်းတစ်ခုဖြစ်စေရမည်။ သင်ကြားရေးပြင်ပ လုပ်ငန်းများတွင်

  • ကျောင်းသားသုတေသနပရောဂျက်များ
  • စကားဝိုင်းဆွေးနွေးပွဲများ
  • ကျောင်းသားများဦးဆောင်သော အစီအစဉ်များ
  • စသဖြင့် ပါဝင်သည်။

    ဘားမားအကယ်ဒမီသည် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ပညာသင်ယူသူအားလုံးအတွက် ရည်ရွယ်ထားပြီး Online ပညာရေးသာမက မြေပြင်ပညာရေးထိပါ တိုးချဲ့နိုင်ရန် စဉ်းစားထားပါသည်။ အကယ်ဒမီ စတင်လည်ပတ်အပြီး ပထမတစ်နှစ်အတွင်း အွန်လိုင်း သင်ယူသူ ကျောင်းသားဦးရေ သောင်းဂဏန်း ခန့်မှန်းထားသည်။ စစ်ဖြစ်ပွါးရာ ဒေသများနှင့် အင်တာနက်ဖြတ်တောက်ခံ ဒေသများမှ ကျောင်းသားများအတွက်လည်း မြေပြင်သင်ကြားနိုင်ရန် စာအုပ်များ၊ ဗီဒီယို သင်ခန်းစာပါဝင်သော CD နှင့် Memory Stick များ၊ Mobile App များ စသည်တို့ကို ဖြန့်ဝေခြင်းဖြင့် သင်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ ဘာသာရပ်များအနေဖြင့် ဆေးပညာ၊အင်ဂျင်နီယာ၊ကွန်ပျူတာ၊စီးပွါးရေး စသည်ဖြင့် နယ်ပယ်အသီးသီးမှ ပညာရပ်များကို တစ်နေရာထဲတွင် သင်ယူနိုင်ကြမည်ဖြစ်ပါသည်။ သင်ယူမှုပြီးဆုံးသည့်အခါတွင်လည်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ချီးမြှင့်သော Certificate များအား တိုက်ရိုက် ထုတ်ယူနိုင်ရန် စီစဉ်ထားပါသည်။

    Burma Academy Platform

    ဘားမားအကယ်ဒမီ လည်ပတ်ပုံတွင် ပါဝင်ပတ်သက်သော အစုအဖွဲ့ ၅ ခုရှိပါသည်။ ထို ၅ ခုမှာ ကျောင်းသား၊ ဆရာ၊ တက္ကသိုလ်၊ ပလက်ဖောင်း (ဘားမားအကယ်ဒမီ) နှင့် ပညာရေး ဝန်ကြီးဌာန (NUG) တို့ဖြစ်ပါသည်။ အသေးစိတ် role များကို ဖော်ပြရမည် ဆိုလျှင်

  • ကျောင်းသား : ပလက်ဖောင်းတွင် စာရင်းသွင်း တက်ရောက်ခြင်း၊ အိမ်စာများနှင့် အကဲဖြတ် စစ်ဆေးမှုများကို ဖြေဆိုခြင်း၊ သင်တန်းပြီးဆုံးကြောင်း လက်မှတ်များ ထုတ်ယူခြင်း (ဝယ်ယူခြင်း)၊ သင်ခန်းစာများနှင့် ပလက်ဖောင်းကို မှတ်ချက်ပြုခြင်း
  • ဆရာ နှင့် တက္ကသိုလ် : သင်ကြားမည့် သင်ခန်းစာများကို ရေးဆွဲခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ခြင်း၊ အကဲဖြတ်ခြင်းနှင့် သင်တန်းအောင်မြင်မှုလိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ သင်ခန်းစာနှင့် အောင်လက်မှတ်များ၏ အရည်အသွေးကို ထိန်းသိမ်းခြင်း
  • ဘားမားအကယ်ဒမီ : ပလက်ဖောင်းနှင့် နည်းပညာထောက်ပံ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြေညာခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အလှူငွေရှာခြင်း၊ ကျောင်းသားစာရင်းနှင့် အချက်အလက်များစုခြင်း၊ သဘောထားကောက်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း
  • ပညာရေးဝန်ကြီးဌာန (NUG) : တက္ကသိုလ်နှင့် သင်ရိုးများ အသိအမှတ်ပြုခြင်း၊ သင်ခန်းစာများနှင့် အကဲဖြတ်မှုများကို အသိအမှတ်ပြုခြင်း၊ သင်ခန်းစာနှင့် ကျောင်းသားမှတ်ချက်များကို အခါအားလျော်စွာ စီစစ်ခြင်း
  • တို့ဖြစ်ပါသည်။

    ဘားမားအကယ်ဒမီတွင် သင်ယူမှုနှင့် ပတ်သက်၍ အခမဲ့ပညာရေးမူဝါဒပေါ်အခြေခံမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ သင်ကြားပို့ချမှုများအတွက် အခကြေးငွေတောင်းခံမည်မဟုတ်ပါ။ သို့သော် သင်တန်းအောင်လက်မှတ် ထုတ်ယူကြေးနှင့် စာမေးပွဲကြေးများမှာမူ သက်ဆိုင်ရာ တက္ကသိုလ်အပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။ ထိုကောက်ခံမှုများသည်လည်း ထိုတက္ကသိုလ်များ၏ CDM Network ထောက်ပံ့နိုင်ရေးအတွက် ရည်မှန်ထားခြင်း ဖြစ်ပါသည်။ 

    ဘားမားအကယ်ဒမီတွင် အဓိကအနေဖြင့် သင်ကြားရေး website – burma.ac ရှိမည်ဖြစ်သည်။ ထိုသင်ကြားရေး website တွင် တက္ကသိုလ်အသီးသီးမှ သင်ခန်းစာများကို အခမဲ့ အွန်လိုင်းမှ သင်ယူနိုင်မည်ဖြစ်သည်။ အွန်လိုင်းသင်ယူမှုအနေဖြင့် Self-Paced, Live နှင့် Hybrid ဟူ၍ ၃ မျိုးရှိမည်ဖြစ်ပြီး လိုအပ်သော နည်းပညာအထောက်အပံ့များကိုလည်း ဘားမားအကယ်ဒမီမှ ပေးသွားမည်ဖြစ်ပါသည်။ (e.g. Zoom Webinars) ကျောင်းသားများ အချင်းချင်း ပြန်လည်ဆွေးနွေးနိုင်မည့် Forum များကိုလည်း စီစဉ်ထားရှိမည်ဖြစ်ပါသည်။ (e.g. Discord) အချို့သော သင်ခန်းစာများကိုလည်း တိုင်းရင်းသားဘာသာစကားများဖြင့် သင်ယူနိုင်ရန် စာတမ်းထိုးနည်းပညာ အသုံးချ၍ ပို့ချသွားမည်ဖြစ်ပါသည်။

    လက်ရှိ Server နှင့် Hosting Spec အရ တစ်ပတ်လျှင် ကျောင်းသားဦးရေ ၃၅၀၀၀ ခန့် သင်ယူနိုင်သော်လည်း ကျောင်းသားဦးရေများလာသည်နှင့် လိုအပ်သော နည်းပညာ အဆင့်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။

    ထို့ပြင် ကျောင်းသားများ အချိန်မရွေးသင်ယူနိုင်ရန်  Mobile App များကိုလည်း ထုတ်ဝေသွားမည်ဖြစ်ပါသည်။ Offline သင်ကြားရေးအတွက်မူ လိုအပ်သော စာရွက်စာတမ်းများ၊ သင်ခန်းစာများကို CD, Books, Memory Sticks များဖြင့် မြေပြင်သို့ ဖြန့်ချိနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။

    Universities & Organizations

    Burma Academy ၏ Coordination Board တွင် Founding Member များဖြစ်သော-

  • University of Medicine, Mandalay
  • Yadanabon University
  • Spring University Myanmar
  • University of Medicine 1, Yangon
  • Computer Universities’ Students Unions Network
  • တို့ပါဝင်ပါသည်။

    အထက်ပါကျောင်းများအပြင် လာရောက်သင်ကြားရန် သဘောတူထားသော တက္ကသိုလ်များနှင့် ပြင်ပ အဖွဲ့အစည်းများမှာ-

  • Yangon Medical Network
  • Medical Family Mandalay
  • Volunteers Health Care Assistant
  • Virtual Federal University
  • Eco Network
  • တို့ဖြစ်ပါသည်။

    Substainability & Scale Up

    ဘားမားအကယ်ဒမီ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘဏ္ဍရေးဆိုင်ရာ ဆန်းစစ်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများကို အမြဲပြုလုပ်သွားမည်ဖြစ်ပါသည်။ ဘားမားအကယ်ဒမီတွင်လည်း ခိုင်မာသော ဘဏ္ဍရေးမူဝါဒရှိထားပြီးဖြစ်ပါသည်။ အဓိကအားဖြင့် Donor ၊ Financial Aid ပေးနိုင်သည့် သူများဖြင့် ရပ်တည်မည် ဖြစ်သော်လည်း Donar၊ Financial Aid များ၏ ထောက်ပံ့မှုသည် အကယ်ဒမီ၏ လွတ်လပ်သော ပညာရေးမူဝါဒကို ထိခိုက်မှု မရှိစေရပါ။ ထို့ပြင် ဘားမားအကယ်ဒမီသည် Free Education Policy ဖြင့် ခိုင်ခိုင်မာမာရပ်တည်မည်။ ဘားမားအကယ်ဒမီ ပလက်ဖောင်း တိုးတက်လာသည်နှင့်အတူ ကဏ္ဍအသီးသီးတွင် လိုအပ်သော တိုးချဲ့မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

    Contact Information

    Office Contact: [email protected]

    Financial Representative: Billy (Signal : +95 9 779009797)