Skip to main content

Project and People


BurmaAcademy
Enrollment in this course is by invitation only

About This Course

အလုပ်ခွင်တွင်းနဲ့ ကျောင်းတွင်း Project တွေလုပ်တော့မယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့ အပြုအမူနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသိပညာသင်တန်း

အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတာက တစ်ကိုယ်တည်းအလုပ်လုပ်ရတာထက် ခက်လှပါတယ်။ Project တွေကို အတူတကွ စုပေါင်းလုပ်ဆောင်ရတော့မယ်ဆိုရင် အကျိုးကျေးဇူးရဖို့အတွက် တစ်ဖွဲ့လုံးရဲ့ ကြိုးစားအားထုတ်မှု လိုအပ်တာကြောင့် လူတစ်ယောက်တည်းက Projectရဲ့ ဝန်ကို ထမ်းထားဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူအများနဲ့ အတူ တွေးတောကြံဆရတဲ့အခါမှာ အခိုက်မသင့်ပဲ အထင်အမြင်လွဲတာမျိုး၊ ဆွေးနွေးတိုင်ပင်မှု နည်းတဲ့အတွက် အကြံဉာဏ်ကောင်းတွေကို လက်လွှတ်ဆုံးရှုံးရတာမျိုး အစရှိတဲ့ ရလဒ်ဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် အများနဲ့အတူ အလုပ်လုပ်ရတော့မယ်ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရနိုင်ဖို့အတွက် မိမိရဲ့ အပြုအမူအပြောအဆိုပိုင်းဆိုင်ရာတွေကို သိထားသင့်သလို Project နဲ့ လူတွေကြောင့်ရလာနိုင်တဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်ကွပ်ကဲနိုင်ဖို့ နည်းလမ်းတွေကို လေ့လာသိရှိဖို့ လိုအပ်လာပါပြီ။

Burma Academy ကနေ မိတ်ဆက်သင်ကြားပေးသွားမယ့် သင်တန်းအသစ်ကတော့ ပညာသင်ယူနေဆဲကျောင်းသားလူငယ်တင်မကပဲ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်လူရွယ်တွေအတွက် အသင်းအဖွဲ့နဲ့ ပေါင်းစည်းလုပ်ကိုင်ရတဲ့အခါမှာ ရှိသင့် လုပ်သင့်တဲ့ စိတ်ဓာတ်နဲ့ အပြုအမူပိုင်းဆိုင်ရာ သင်ခန်းစာတွေပါဝင်တဲ့ Projects and People သင်တန်းပဲ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ Project ကို တာဝန်ယူဆောင်ရွက်တဲ့အခါမှာ သိထားသင့်တဲ့ Interpersonal skill တွေနဲ့ စီမံခန့်ခွဲပုံ၊ မန်နေဂျာနဲ့ Project မန်နေဂျာရဲ့ အရေးပါပုံ၊ တာဝန်တွေနဲ့ တတ်ထားရမယ့် skill တွေ၊ Projecy management အတွက် အရေးပါတဲ့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အပြုအမူ၊ အဖွဲ့အစည်းစိတ်ဓာတ်ကို ခွဲခြားစိတ်ဖြာပုံ အဆင့်တွေ၊ အဖွဲ့အစည်းစိတ်ဓာတ်ကို အသုံးချရမှာ မန်နေဂျာတွေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ အစရှိတဲ့အကြောင်းအရာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းမှာ သင်ကြားပေးသွားမယ့် Module တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Module 1: Introduction
Module 2: Attitude, Personality and Value
Module 3: Emotions, Moods, Perception and Individual decision making
Module 4: Motivation in Project
Module 5: Foundation of Group Behavior
Module 6: Understanding Project Teams
Module 7: Communication in Project
Module 8: Power and Politics in Project
Module 9: Conflict and Negotiation in Project
Module 10: Leadership
Module 11: Organizational Structure and Culture
Module 12: Organizational Change and Stress Management